13 April 2014

“ရခိုင်ရိုးရာကျင်ပွဲ ထိုင်းနိုင်ငံနေရာအနှံ့စည်းကားစွာကျင်းပ”

                         
၂၀၁၄ ခု ဧပြီလ ၁၃ ရက်|စောမောင်

            ထိုင်းသင်္ကြန်အကျနေ့ဖြစ်သော ယနေ့တွင် ထိုင်းနိုင်ငံနေရာအနှံ့တွင်ရောက်ရှိ အလုပ်လုပ်နေ
ကြသော ရခိုင်ရွှေ့ပြောင်းအလုပ်သမားများက ရခိုင်ရိုးရာ ကျင်ပွဲများကို စည်ကားစွာကျင်းပခဲ့ကြကြောင်း သိရှိရသည်။

ဘန်ကောက်မြို့အနီးမဟာချိုင်မြို့၊မူစီရပ်ကွက် ၀ပ်ထစ်ဘုန်းတော်ကြီးကျောင်း၌ ရက္ခ၀ံသ ရခိုင်လူငယ် အသင်းက ကြီးမှု၍ ဘုရားရေသပ္ပါယ်ခြင်းနှင့်  ရခိုင်ရိုးရာကျင်းပွဲအား န၀မအကြိမ်မြောက် အဖြစ် ကျင်းပခဲ့ ကြခြင်းဖြစ်သည်။

ပွဲကျင်းပရေး ကော်မတီဝင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဦးခင်မောင်က “ရခိုင်တိုင်းရင်းသားများ အနေဖြင့် ရိုးရာအမွေအနှစ်များအား အစဉ်အမြဲထိန်းသိမ်းတတ်ကြစေရန်နှင့် ထိုင်းနိုင်ငံရောက် ရခိုင် တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦးပိုမိုချစ်ခင်စည်းလုံးကြစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောသည်။


  ကျင်ပွဲတွင် ရွှေမောင်းတန်နှင့် ငွေမောင်းတန်ဟူ၍  နှစ်မျိုးကျင်းပသည်။ ရွှေမောင်းတန်းတွင် ကျင်ပညာနှင့် ပတ်သက်၍  ကျွမ်းကျင်နားလည်သူများသာဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ငွေမောင်းတန်းတွင် ၀ါသနာရှိ သူ များနှင့် အတွေ့အကြုံနည်းသေးသူများ၊  ၀င်ရောက်ယှဉ်ပြိုင်လေ့ရှိကြောင်း ၎င်းကရှင်းပြသည်။

ပထမဆု ရွှေမောင်းတန်းပထမဆုကို ဘတ်ငွေ ၆၅၀၀ ၊ ရွှေမောင်းတန်း ဒုတိယဆု ကို ဘတ်ငွေ ၅၀၀၀
ချီးမြှင့်မည်ဖြစ်သည်။ ငွေမောင်းတန်း ပထမဆုကို ဘတ်ငွေ  ၄၅၀၀ နှင့် ငွေမောင်းဒုတိယဆုကို ဘတ်ငွေ
၃၅၀၀ ချီးမြှင့်မည်ကြသည်။

ရွှေမောင်းတန်း၌၀င်ရောက်ယှဉ်ပြိုင်သူ ၁၈ဦးနှင့် ငွေမောင်းတန်းဝင်ရောက်ယှဉ်ပြိုင်သူ ၁၃၀ ဦးတို့ရှိရာ  ပြိုင်ပွဲ၌၀င်ရောက်ယှဉ်ပြိုင်ကြသူ ၀င်ရောက်ယှဉ်ပြိုင်ကြသူ စုစုပေါင်း၁၃၈ ဦးရှိခဲ့သည်။ ရွှေမောင်းတန်း ပထမဆုကိုရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှကိုခိုင်လင်း ကရရှိပြီး ရွှေမောင်းတန်း ဒုတိယဆုကို ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမှ ကိုမောင်မြင့် ကရရှိခဲ့ကြသည်။

ငွေမောင်းပထမဆုကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကိုချစ်းမင်းနှင့် ငွေမောင်း ဒုတိယဆုကိုရခိုင်ပြည် နယ်၊ ပုဏ္ဏားကျွန်းမှ ကိုမျိုးနိုင် တို့ အသီးသီး တို့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွား ခဲ့ကြသည်။ ပထမနှင့် ဒုတိယဆုများမရရှိခဲ့သော်လည်း  အနာဂတ်အတွက် အလားအလာကောင်းေ သာ ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမှ အောင်နိုင်ရွှေ အား အထူးဆုအဖြစ် သီးသန့်ချီမြှင့်ခဲ့သည်။

အဆိုပါကျင်ပွဲသို့ ဘန်ကောက်မြို့မှ လာရောက်အားပေးကြည့်ရှုသူ တစ်ဦးဖြစ်သော ကျောက်တော်မြို့မှ ကိုကျော်ဝင်း “ကျင်” ဆိုသည် မှာ ကျားရဲ များ သားကောင်ကို လျင်မြန်စွာ ခုန်အုပ်ပြီး  မြေပေါ်သို့ လှဲချသ ကဲ့သို့လျင်ခြင်းကို “လျင်” ဟုခေါ်ရာမှ အချိန်ကြာလာတဲ့အခါ “ကျင်” ဟု အခေါ်အဝေါ်ရွေ့လာခြင်းဖြစ်
ကြောင်း ကျင်ကိုင်ခြင်း ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော် ကတည်းကရခိုင်တွင် စတင်လိုက်စား ခဲ့ကြ ကြောင်း၊  တစ်သီပုဂ္ဂလ အလှူအတန်းမှ အစပြု၍ ရဟန်ခံရှင်ပြုပွဲ၊ဘုန်းကြီးပျံပွဲ၊ပြည်ထောင်စုပွဲ၊သီတင်းကျွတ် ပွဲနှင့် သင်္ကြန်အခါသမယတွေမှာ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ထည့်သွင်းကျင်းပလေ့ရှိကြပါတယ်” ဟုပြော သည်။

ရခိုင်လူမျိုးတို့၏ ရိုးရာအားကစားမျိုးဖြစ်သောကျင်ပွဲကို မဟာချိုင်မြို့ရှိမြန်မာရွှေ့ပြောင်း အလုပ်သမား များဖြစ်ကြသော ရခိုင်အမျိုးသားများသာများသာမက တခြား မြန်မာတိုင်းရင်းသားများ ဖြစ်ကြသည့် ဗမာ၊   မွန်၊ ထားဝယ် တိုင်းရင်းသားဧည့်ပရိသက်ပေါင်း၄၀၀ကျော်ခန့် လာရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။

ရခိုင်ရိုးရာကျင်းပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ ဟတ်ယိုင်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့တို့ တွင် လည်းစည်းကားစွာကျင်းပခဲ့ကြကြောင်းသိရှိရသည်။